29 C
Yangon

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရာလမ်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ်နှင့်လူဖြတ်သန်းသွားလာခွင့် နေ့ရော ညပါ စစ်ကောင်စီက လုံး၀ ပိတ်ပင်

Must read

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရာလမ်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ်နှင့်လူဖြတ်သန်းသွားလာခွင့် နေ့ရော ညပါ စစ်ကောင်စီက လုံး၀ ပိတ်ပင်

ရန်ကုန်၊ နိုဝင်ဘာ ၂

မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရာလမ်းကို လုံခြုံရေးအကြောင်းပြချက်ဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ်နှင့်လူဖြတ်သန်းသွားလာခွင့် လုံး၀ မပြုတော့ဘဲ ၂၄ နာရီ နေ့ရောညပါ ပိတ်လိုက်ပြီဖြစ်ကြောင်း မန္တလေးဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရာလမ်းဖြစ်သော ၇၃ လမ်း၊ မင်္ဂလာ ၁ လမ်းမှ သဇင်လမ်းအထိ နေ့ရော ညပါ လမ်း ခေတ္တ ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။

“တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကိုသွားတဲ့ လမ်းကို မနေ့ မနက်ပိုင်းကစပြီး ပိတ်လိုက်တယ်။ သိပ္ပံလမ်းမှ တောင်ဘက် ၇၃လမ်း သို့သွားတဲ့လမ်း၊ ၁၀၂ (A) လမ်းမှ အနောက်သို့ဆင်းလမ်း(၇၀လမ်းမှ)ကို စစ်ခွေးတွေ အကုန်ပိတ်ထားတယ်။ ဆိုင်းဘုတ်တွေလည်း ချထားတယ်။ မန္တလေးအပြောအရဆိုရင်တော့ တောင်ဘက် ၁၀၇လမ်း×၇၃လမ်း ကနေပဲ OCEAN Center ကိုဝင်လို့ရပါတယ်။ သိပ္ပံလမ်းကနေ ၇၃လမ်း တောင်ဘက်ကိုတော့ သွားမရတော့ဘူး ။ အသွားလမ်းအပြန်လမ်းပိတ်ထားပါတယ်။ အရှေ့ဘက်ကနေ အနောက်ဘက် ၇၀လမ်းကစပြီး ဆက်သွားခွင့်ပိတ်ထားပါတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် တရုတ် ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှုဖြစ်ပွားကာ ခေါင်မိုးရေတံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွက် လက်သည်တရားခံကို ဖော်ထုတ်ရန် တရုတ်အစိုးရက စစ်ကောင်စီကို တောင်းဆိုခဲ့သည်။

သို့ရာတွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပစ်ခတ်ခံရမှုကို ၁၅ ရက်ကြာသည်အထိ စစ်ကောင်စီက လက်သည်ကို မဖော်ထုတ်နိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမှတ် ၁ ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံး၏ ပတ် ပတ်လည်တွင် လမ်းများ ပိတ်ဆို့ခြင်း၊ သံဆူးကြိုး ဘယ်ရီရာများ ချထားခြင်း၊ ရဲကင်းအသစ်များ တည်ဆောက်ခြင်းတို့ဖြင့် လုံခြုံရေး တိုးမြှင့်ထားကြောင်း၊ တရုတ်သံရုံးအနီးတွင် CCTV များပိုမိုတပ်ဆင်ထားပြီး စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article