32 C
Yangon

မြစ်သားမြို့နယ်၊ ရိုးကန်ရွာမှ အသက် ၂၇ နှစ်အရွယ် မောင်ကိုကိုကြီး နှင့် ရစ်ကန်ရွာမှ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားပြီး တပ်သားသစ်အဖြစ် စုဆောင်းမခံလိုပါက သိန်း ၅၀ ဖြင့် ပြန်ရွေးရန် မိသားစုကို အကြောင်းကြား

Must read

မြစ်သားမြို့နယ်၊ ရိုးကန်ရွာမှ အသက် ၂၇ နှစ်အရွယ် မောင်ကိုကိုကြီး နှင့် ရစ်ကန်ရွာမှ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားပြီး တပ်သားသစ်အဖြစ် စုဆောင်းမခံလိုပါက သိန်း ၅၀ ဖြင့် ပြန်ရွေးရန် မိသားစုကို အကြောင်းကြား

ရန်ကုန်၊ နိုဝင်ဘာ ၄

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် ရိုးကန်ရွာမှ အသက် ၂၇ နှစ်အရွယ် မောင်ကိုကိုကြီးနှင့် ရစ်ကန်ရွာမှ လူငယ် ၃ ဦးကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး မြစ်သားမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကာ ပြန်လည်လွတ်မြောက်လိုပါက ကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးယူရန် မိသားစုထံသို့ အသိပေး အကြောင်းကြားလာကြောင်း ဖမ်းဆီးခံရသူလူငယ်များနှင့်ရင်းနှီးသူ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရိုးကန်ရွာမှ မောင်ကိုကိုကြီး၊ ရစ်ကန်ရွာမှာ လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးပေါ်တာဆွဲ ခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်တွင် အတင်းအကျပ် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ငွေကြေး မတတ်နိုင်သူများဖြစ်ကြောင်း၊ ရိုးကန်ရွာမှ ဖမ်းဆီးခံရသူ မောင်ကိုကိုကြီးမှာ ကြုံရာကျပန်း လုပ်ကိုင်၍ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်သဖြင့် စစ်တပ်ထံမှ ငွေကြေးဖြင့် ပြန်ရွေးရန်အတွက် မိသားစုက မတတ်နိုင်သည့် အခြေအနေဖြစ်ကြောင်း ၊ ရစ်ကန်ရွာမှ ဖမ်းဆီးခံလူငယ်များ၏ အခြေအနေကို လည်း မသိရှိရသေးကြောင်း သိရှိရသည်။

“ရစ်ကန်ကျေးရွာ မောင်းတံ(ဘီးခွန်ကောက်မောင်းတံ) စစ်ဆေးရေးပြုလုပ်ရာကနေ သူတို့ခေါ်ချင်တဲ့သူကိုခေါ်ဆောင်သွားတာပါ။အဲနေ့မှာပဲ ရစ်ကန်ရွာက လူငယ် ၃ယောက်ပါ ဆွဲခေါ်သွားပါတယ်။ သိန်း ၄၀၊ ၅၀လောက်နဲ့ပြန်ရွေးခိုင်းနေပါတယ်ဗျ။ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတဲ့။ အရင်၂လကျော် လောက်တုန်းကလည်း ရိုးကန်ရွာက တစ်ယောက်ပါသွားသေးတယ်ဗျ။ အဲဒီ တစ်ယောက်ကပြန်ကို ရွေးလို့မရတော့တာပါ”ဟု ဖမ်းဆီးလူငယ်များနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်းအတွင်း မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်၊ အမရပူရမြို့နယ် အပါအဝင် မြို့နယ်များတွင် ယခုနိုဝင်ဘာလဆန်းပိုင်းအတွင်း စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲဖမ်းဆီးမှုများ အလွန်များပြားနေကြောင်း၊ လမ်းဆုံလမ်းဂွများတွင်ပါ စစ်ဆေးရေးဂိတ်ချ ဖမ်းဆီးသည့်အပြင် နေအိမ်များပေါ်တက်၍ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့်လည်း ဖမ်းဆီးမှုများ များပြားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယမန်နှစ် စစ်တပ်လက်အောက်ခံရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဂိတ်ချ စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article