28 C
Yangon

ကျွန်းစု၊ ဘုတ်ပြင်း၊ ရေနံချောင်းမြို့နှင့် ခမောက်ကြီးတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

Must read

ကျွန်းစု၊ ဘုတ်ပြင်း၊ ရေနံချောင်းမြို့နှင့် ခမောက်ကြီးတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ည ၉ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ ကျောက်ပိတ်ကျေးရွာရှိ နာရေး အခမ်းအနားတစ်ခုကို ရောက်ရှိနေသော ကွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အောင်ဇော်နှင့် ဘုတ်ပြင်းမြို့နယ်၊ ရွှေခဲညိုကျေးရွာသား မူးယစ်ဆေးဝါးရောင်း ဝယ်သူ ကြောင်ခေါင်း ဆိုသူတို့ကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကျွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာသား အုပ်ချုပ်ရေးမှူးအောင်ဇော်ကို ကျောက်ပိတ်ကျေးရွာ တံတားတွင် သေနတ် ဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာသား မူးယစ်ဆေးဝါးရောင်ဝယ်သူ ကြောင်ခေါင်း ဆိုသူကိုလည်း ဆက်လက် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသည်ဟု သတင်းရရှိထားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

“ဘယ်အဖွဲ့ကလုပ်တာလဲ မသိရဘူး၊ ကျနော်တို့အဖွဲ့နဲ့ မသက်ဆိုင်ပါဘူး။ ပြည်သူတွေက လက်နက် ကိုင်ထားရင် PDF လို့ပဲ ထင်နေကြလို့ ထုတ်ပြန်လိုက်တာပါ။ အုပ်ကြီးအောင်ဇော်က ကျွန်းမြို့နယ်၊ ကျောက်ကုန်းရွာကပါ၊ ကြောင်ခေါင်းက ဘုတ်ပြင်းမြို့နယ်၊ ရွှေခဲညိုရွာသားပါ၊ သူက မူးယစ်ဆေးဝါး ရောင်းဝယ်နေသူသိရပါတယ်” ဟု ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့်လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း၊ ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှချမှတ်ထားသော မူဝါဒ၊ စစ်သည် တော်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးနေသော အဖွဲ့ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက် ၊ ယာကြီးပြင်ရပ်နေ ပျူစောထီးတစ်ဦး ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက် နေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၊ ယာကြီးပြင်ရပ်နေ အကြမ်းဖက်စစ် တပ်ထောက်တိုင် ပျူစောထီးအဖွဲ့ဝင် အသက် ၃၈ နှစ်အရွယ် နိုင်လင်းအောင် (ခ) စနေသား သည် ရေနံ ချောင်းမြို့နယ်၊ လယ်ကျဉ်းရိုးကျေးရွာတွင်နေထိုင်သည့် ဇနီးဖြစ်သူထံ ရောက်ရှိလာစဉ် ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးသွား၍ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အမှတ် ၄ ရပ်ကွက် (ဖောင် ဆိပ်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဌေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကော့သောင်း မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ခမောက်ကြီးမြို့နယ် အမှတ် ၄ ရပ် ကွက် (ဖောင်ဆိပ်) အုပ်ချုပ်ရေးမှူး အသက် ၅၂ နှစ်အရွယ် ဝင်းဌေးကို ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖမှာ နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆေုံးသွား ကြောင်း သိရသည်။

သေဆုံးသူ ဝင်းဌေးသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ဒေသနေပြည်သူများထံမှ ငွေကြေး များ အတင်းအဓမ္မ တောင်းခံခြင်း၊ စစ်မှုထမ်းရန်အတွက် လူစုပေးခြင်း၊ သန်းခေါင်စာရင်း ကိစ္စရပ်များ တွင် အားပေးကူညီခြင်း၊ ဒေသအတွင်း ၎င်းနှင့်အဆင်မပြေသူ မည်သူ့ကို မဆို PDF အားပေးသည် ဟု အမည်တပ်ကာ အကြမ်းဖက်စစ်ကောင်တပ်ကို တိုင်တန်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ သတင်း အချက် အလက်များကို စုံစမ်း၍ စစ်ကောင်စီထံသို့ သတင်းပေးပို့ခြင်းများ အစရှိသော လုပ်ရပ်များကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ သိရှိရသဖြင့် ထိုလုပ်ရပ်များကို မပြုမူရန် အကြိမ်ကြိမ်သတိပေး တားမြစ်ခံထားရ သူဖြစ် ကြောင်း သိရသည်။

“စကစ၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ဘက်ရပ်တည်ဖို့၊ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အဓိက ပြောချင်တယ်။ ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံမယ်ဆိုရင် သက်ဆိုင်ရာ လက် လှမ်းမီရာတော်လှန်ရေးတပ်ဖွဲ့တွေကို အချိန်မရွေးဆက်သွယ်ပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလို့ရပါ တယ်။ တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း လက်ကမ်းကြိုဆိုနေပါတယ်။ ကျနော်တို့က လက်ကမ်းကြိုတယ်နော်။ သူတို့ဘက်က မရပ်တည်ဘူးဆိုရင် ကျနော်တို့က လုပ်ထုံးလုပ်နည်း အ တိုင်း လုပ်သင့်လုပ်ထိုက်တာကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ ထောက်တိုင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန်နှင့် ပြည်သူ့ဘက်ရပ် တည်ခြင်း မရှိသော စစ်ကောင်စီဘက်တော်သားများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များ၊ စစ်ကောင်စီ အားပေးထောက်တိုင်များကို အရှိန်မြှင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article