26 C
Yangon

ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် မြေတင်ကား ၂ စီးဖြင့် လိုက်ပါလာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်

Must read

ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် မြေတင်ကား ၂ စီးဖြင့် လိုက်ပါလာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်

ရန်ကုန်၊ နိုဝင်ဘာ ၆

တနင်္သာရီတိုင်း၊ ထားဝယ်-သရက်ချောင်း လမ်းပိုင်းတွင် မြေတင်ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီ ၄၁ မိနစ်ခန့်တွင် သရက်ချောင်းဘက်မှ ထားဝယ်ဘက်ကို မောင်းနှင် လာသော မြေတင်ကား ၂ စီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထန်းရည်ဆိုင်ဖွင့်ထားသည့် အသက် ၄၀ နှစ်အရွယ် မဝေ စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်ပြီး ဒဏ်ရာအခြေအနေ စိုးရမ်ရကြောင်း သိရှိရသည်။

“သရက်ခရိုင် တပ်ရင်းကနေ ထားဝယ်ဘက်ကို တက်ပြီး အင်အားတက်ဖြည့်တာပါ။ အရင်လက ဥတ္တူရွာ၊ မဲနယ်အိုးရွာ၊ သရက်နှစ်ခွရွာတွေကို စစ်ကြောင်းထိုးဖို့ ဆင်းလာတဲ့ကောင်တွေပေါ့။ မနက်က ထားဝယ်တပ်ရင်းဘက်က ပြန်ခေါ်လို့တက်တာ ပြည်သူတွေကိုဖမ်းသွားတာမရှိဘူး။ မိုင်းဆွဲပြီးနောက်မှာတော့ စစ်သားတွေ သေနတ်နဲ့ ရမ်းပစ်လို့ ထန်းရည်ရောင်းနေတဲ့ အမျိုးသမီးမှာ ကျည်ထိသွားတယ်။ စိုးရိမ်ရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်မှုကြောင့် သေနတ်ကျည် ထိမှန်ခဲ့သော မဝေ သည် လက်ရှိချိန်တွင် ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

Photo – ထားဝယ်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် မြေသယ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် တိမ်းမှောက်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article