25 C
Yangon

တောင်ကိုရီးယားတွင် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများအားလုံးကို NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီး တောင်ကိုရီးယားအစိုးရက လက်ခံဆောင်ရွက်နေကာ သက်တမ်းအသစ် ၂ နှစ်ရရှိ၊ စစ်ကောင်စီသံရုံးတွင် သက်တမ်းတိုးရန် မလိုအပ်တော့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

တောင်ကိုရီးယားတွင် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေသော မြန်မာနိုင်ငံသားများအနေဖြင့် NUG ကိုယ်စားလှယ်ရုံးတွင် နိုင်ငံကူးလက်မှတ် သက် တမ်းတိုးပေးနေပြီး တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီးကြပ်ရေးက လက်ခံဆောင်ရွက်ပေးကာ စစ်ကောင်စီသံရုံးတွင် သက်တမ်းတိုးရန်မလိုဘဲ သက်တမ်း ၂ နှစ်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးတွင် သက်တမ်းတိုးရေး စုံစမ်းခဲ့သော မြန်မာနိုင်ငံသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပါက စစ်ကောင်စီ၏ မြန်မာသံရုံးတွင် သွားရောက် သက်တမ်းတိုးရန် မလိုအပ်တော့ကြောင်း၊ NUG ကိုယ်စားလှယ်ရုံးတွင် သွားရောက်၍ သက်တမ်းတိုးရန် တင်ပြပါက NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးခွင့်အတွက် လိုအပ်သော တံဆိပ်တုံးနှင့်စာရွက်စာတမ်းများ ရိုက်နှိပ်ပေးလိုက်ကြောင်း၊ ယင်းတံဆိပ်တုံးနှင့်စာရွက်စာတမ်းများကို တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးက တရားဝင် လက်ခံဆောင်ရွက်ပြီး ဗီဇာသက်တမ်းတိုးပေးကြောင်း သိရှိရသည်။

“NUG ကိုယ်စားလှယ်ရုံးက တံဆိပ်တုံးထုပေးလိုက်တယ်။ အဲဒါကို တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးက လက်ခံပါတယ်။ ၂ နှစ်သက်တမ်းတိုးလို့ရတယ်။ အခုထက်ထိတော့ အဲဒါက ကိုရီးယားမှာ ဆက်လက်နေထိုင်မယ့်သူတွေ အားလုံးအတွက် အဆင်ပြေတယ်။ အဲဒီ Passport နဲ့ ပြည်ပထွက်ဖို့တော့ အဆင်မပြေသေးဘူး။ နိုင်ငံကူးလက်မှတ်လည်း ရှိဖို့တော့လိုအပ်တယ်။ သက်တမ်းတိုးခွင့်ရသွားတဲ့သူတွေလည်း ရှိနေပါတယ်” ဟု NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးသို့ သွားရောက် မေးမြန်းစုံစမ်းခဲ့သူ တောင်ကိုရီးယားရောက် မြန်မာတစ်ဦးက ရှင်းပြသည်။

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတချို့ကမူ လက်ရှိ နွေဦးတော်လှန် ရေး တွင် ပါဝင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီသံရုံးထံတွင် မည်သည့်အကြောင်းနှင့်မျှ ဆက်သွယ်သွားရောက်၍ သက်တမ်းကုန် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးရန် မလိုအပ်တော့သည့် သတင်းစကားကို တောင်ကိုရီးယားယောက် မြန်မာနိုင်ငံသားများအားလုံး သိရှိရန် လိုအပ်ကြောင်း၊ စစ်ကောင်စီသံရုံးထံသို့ အခွန်မပေးသင့်ဘဲ NUG ကိုယ်စားလှယ်ရုံးတွင် ငွေကြေးအကုန်အကျ မရှိ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးနိုင်ပြီဖြစ်ကြောင်း ပြောဆိုကြသည်။

လတ်တလော NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက လက်ခံသက်တမ်း တိုးဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် ရာပေါင်းများစွာ ရှိနေကြောင်း၊ မကြာမီ ထောင်ဂဏန်းအထိ ရောက်ရှိမည်ဖြစ်ကြောင်း တောင်ကိုရီးယားရောက် မြန်မာများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article