32 C
Yangon

ဘုတလင်တွင် စစ်တပ်က သဖန်းရွာမှ အသက် ၇၀ အရွယ် ဦးစန်းလွင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သဖန်းရွာမှ အသက် ၇၀ အရွယ် ဦးစန်းလွင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တွင် ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သဖန်းရွာကို ၂ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းမှ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် အသက် ၇၀ အရွယ် ဦးစန်းလွင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။

“သဖန်းရွာမှာ စစ်ခွေးစစ်ကြောင်းက ၂ ရက်တပ်စွဲပြီး နေအိမ် ၄၀ ခန့်ကို မီးရှို့ ဖျက်ဆီးထားခဲ့တယ်။ နောက်ပြီး သဖန်းရွာက အသက် ၇၀ အရွယ် ဦးစန်းလွင်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။ ရွာအပြင်မှာ အလောင်းပြန်တွေ့ရတယ်လို့ သိရတယ်။ မီးရှို့ ဖျက်ဆီးခံရတဲ့ နေအိမ်တွေအထဲမှာ အခုအသတ်ခံလိုက်ရတဲ့ ဦးစန်းလွင်ရဲ့ နေအိမ်လည်းပါသွားတယ်လို့ နောက်ဆက်တွဲသိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် သဖန်းရွာမှ ဘုတလင်မြို့ထဲကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

photo credit – ရွာဇော်ကြီး တော်လှန်အသံ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article