33.1 C
Yangon

ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ မေ ၁၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီးတွင် ယမန်နေ့ မေလ ၁၂ ရက် ညနှင့် ယနေ့ မေလ ၁၃ ရက်နံနက်၌ မြိတ်နှင့် ထားဝယ်ဘက်မှ ထွက်ခွာလာလသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပုလော က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်မှ ထွက်ခွာလာသော စစ်ကား ၁၁ စီးပါ စစ်ယာဉ်တန်းနှင့် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် ထားဝယ်ဘက်မှ ဆင်းလာသော စစ်ကား ၁၆ စီးပါ စစ်ယာဉ်တန်းများကို ပုလောမဟာမိတ်တပ်ပေါင်းစုမှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တန်းများကို မိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၄၀ ဦးထက်မနည်းထိခိုက်မည်ဟု ခန့်မှန်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပုလော က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ယာဉ်တန်း (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article