27 C
Yangon

ပခုက္ကူတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာတွင် ကြေးနီယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်

Must read

ပခုက္ကူတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာတွင် ကြေးနီယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရွှေတန်းတစ်ရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများသည် ကွန်းရွာနှင့် ဆင်မင်းရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေပါ။ အင်အားက ၁၀၀ ကျော်တယ်။ ကျွန်တော်တို့ ဒရုန်း ၆ စီး ဗုံးသီး၁၁ လုံးကျဲချ တိုက်ခိုက်တယ်။ နောက်ပြီး လက်နက်ကြီး ၆၀ မမ တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်က လက်နက်ငယ်တွေနဲ့ ဒရုန်းတွေကို လိုက်လံ ပစ်ခတ်တာတွေရှိတယ်။ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၉ တပ်ရင်းကနေလည်း ၆၀ မမ တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်” ဟု ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ် ပကဖ၊ PKU N PDF၊ ရေစကြိုမြို့နယ် ပကဖ၊ မန္တလေးတိုင်း ပြည်ကြီးတံခွန် ပကဖ၊ မဟာတပ်ဖွဲ့ မတ္တရာ ပကဖ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ Bright Star group၊ NY Local PDF နှင့် Anyar Reagional Youth Guerrilla Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Idiots Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ ၁၄ မိနစ်အချိန်က မုံရွာဘက်မှ မန္တလေးဘက်သို့ ထွက် လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို မအူရွာထိပ်မှ အသင့်စောင့်ကြိုပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှလည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

“မအူရွာထိပ်ကနေ စောင့်ပစ်ခဲ့တာ ကြေးနီတင်ကာက စုစုပေါင်း ၄၅ စီးပါ။ ပစ်ခတ်တိုက်ခိုက်မှု ကလည်း သိပ်မကြာလိုက်ဘူး။ စခကင်းပုန်းကြားကနေ ပစ်ရတာဆိုတော့ ၂ မိနစ်ကျော်ကျော် လောက်ပဲ ကြားတယ်။ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါ” ဟု Idiots Column မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၏ Idiots Column နှင့် (မဟာမိတ်များ) မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ -တပ်ခွဲ ၂ – 5/ Commando Force ၊ ယင်းမာပင်မြို့နယ်တိုက်နယ် ၂ ပကဖ မဲမှောင်ပြည့်သူကာကွယ်ရေးအဖွဲ့၊ The Brightness နှင့် Ar Lar Wa Ka (LPDF) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြိး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article