34 C
Yangon

ကန့်ဘလူ၊ သိန်ရင်ဆည်ကို ရောက်ရှိနေသည့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

Must read

ကန့်ဘလူ၊ သိန်ရင်ဆည်ကို ရောက်ရှိနေသည့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် သိန်ရင်ဆည်ကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် သိန်ရင်ဆည် ရေပိုလွှဲ နေရာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ဆိတ်ဖူးမြောင်ပျူစောထီးရွာမှ စစ်ကောင်စီ တပ်သား ၃ ဦးနှင့် ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်မှ ပျူစောထီး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုထိခိုက်ဒဏ်ရာရရှိသူများထဲမှ နိုဝင်ဘာလ ၇ ရက်နေ့တွင် ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်း သိန်ရင်ဆည်ရေပိုလွှဲ နေရာကို ရောက်ရှိနေတုန်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားက ၁၅၀ လောက်ပါတယ်။ ဆိတ်ဖူးမြောင်ပျူစောထီးရွာက စစ်ခွေး ၃ ကောင်နဲ့ ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်က ပျူခွေး ၂ ကောင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၁၅ ကောင်ရှိတယ်။ အဲဒဏ်ရာရတဲ့ ကောင်တွေထဲက ၇ ရက်နေ့မှ ၁ ကောင်ထပ်သေတယ်။ ၅ ကောင်လည်း အခြေအနေမကောင်းဘူးလို့ ထပ်သိရတယ်” ဟု ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား (KDF) အဖွဲ့မှ ကိုပေါက်ကြီး ဦးဆောင်၍ မြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ (KDF) ၊ (KGF) ၊ အမှတ်(၃) ၊ အမှတ် (၄) Drone အဖွဲ့ ကျေးရွာ ပကဖ နှင့် တိုက်နယ် ပကဖ များပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article