ရန်ကုန်၊ မေ ၁၃
ရန်ကုန်တွင် ဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တစ်နှစ်ပြည့်အဖြစ် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ယနေ့ သပိတ်မှောက်ချီတက် လှုပ်ရှားကြသည်။
မြင်းခြံဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မေလ ၁၃ ရက်နေ့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS ၊ တိုးတက်သောမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (PMYA)၊ NODPSC နဲ့ ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများဖြစ်တဲ့ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မရမ်း ကုန်း မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့က ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ကြသည်။
Photo – AAMIJ



