35 C
Yangon

ရွှေကူမြို့တွင် သဘာ၀ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေသည့် တရားမဝင် ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာရန်နှင့် မထွက်ခွာပါကပစ်ခတ်ရှင်းလင်းမည်ဟု မြို့လှ PDF သတိပေး

Must read

ရန်ကုန်၊ မေ ၁၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှ KPDF ပြည်သူ့ကာကွယ်ရေး တပ်နယ်အတွင်းရှိ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် သွားလာနေသည့် ရွှေဖောင်များ ၂၄ နာရီအတွင်း အပြီးထွက်ခွာရန်၊ လိုက်နာခြင်းမရှိပါက ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အလေးအနက်ထား အသိပေးကြောင်း မြို့လှ KNDF က သတင်းထုတ်ပြန်သည်။ တရားမဝင် ရွှေဖာင်များမှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ဖျက်ဆီးလျက်ရှိသည်ဟု ဒေသခံပြည်သူများက စိုးရိမ်တကြီး တင်ပြအကူအညီ တောင်း ခံ လာ၍ ယခုကဲ့သို့ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များ အား အမြန်ဆုံး ရုပ်သိမ်းပေးနိုင်ရန် ဦးစွာအသိပေးချက် ထုတ်ပြန်ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ရွှေဖောင်များသည် ဤသတိပေးထုတ်ပြန်ချက် ထုတ်ပြန်မှုအပြီး ၂၄နာရီအ တွင်း ရွှေကူမြို့နယ်၊ မြို့လှ KPDF ပြည်သူ့ကာကွယ်ရေးတပ်နယ်အတွင်းမှ အပြီးတိုင် ထွက်ခွာပေးရန်နှင့် သတိပေးထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်မှုမရှိပါက ရွှေဖောင်လုပ်ဆောင်နေသူများကို သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေသူများ၊ အများပြည်သူ၏အကျိုးစီးပွားကို ဆုတ်ယုတ်စေသူများအနေဖြင့် သတ် မှတ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ် ကြောင်း မြို့လှ KNDF ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ဓာတ်ပုံ- တရားမဝင် ရွှေတူးနေကြသည့် ရွှေဖောင်များ။
Photo – CJ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article