23 C
Yangon

သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိ ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်သည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အကြမ်းဖက်စစ် တပ်စခန်းကို TNLA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီမှာ တွင်းငယ် တပ်စခန်းမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် တွင်းငယ်ကျေးရွာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်၊ မိုးမိတ်- တွင်းငယ် လမ်းတခုလုံးကို TNLA/ PLA နှင့် အခြားမဟာမိတ်များ ထိန်းချုပ်ထားပြီး မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ခလရ ၁၄၈ ၊ ဖော့တောလမ်းဆုံ စစ်တပ်စခန်း များကို TNLA ၊ PLA နှင့် အခြားတပ်ပေါင်းစုများ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။

“သပိတ်ကျင်းထဲမှာ သိမ်းပိုက်ဖို့ကျန်တာက တတက ၁၃ ရယ်၊ ၇ မိုင်ကျောက်ကြီးရယ်၊ အဲဒါတွေပဲ ကျန်တာ၊ ၁၃ တပ်ကိုတော့ PLA ရယ်၊ TNLA ရယ်တိုက်နေတာ၊ MDY ကတော့ ၇ မိုင်ကျောက်ကြီး တပ်ကို က PLA ရယ်၊ TNLA ရယ်၊ MDY ရယ်ပေါင်းတိုက်နေတာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင်ရေးကျောင်း – တတက ၁၃ ကို ဝိုင်းရံ ပိတ်ဆို့ထား သည် မှာလဲ ၃ လနီးပါး ရှိနေပြီဖြစ်ကြောင်း၊ အလားတူ သပိတ်ကျင်းမြို့နယ် ၇ မိုင်နှင့် ကျောက်ကြီး ကို လည်း အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် PLA သည် မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article