30 C
Yangon

မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ မတ္တရာမြို့နယ်၊ ရှင်လှအလယ်ရွာ နှင့် မင်းကွန်းဘက်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စစ်ကြောင်း ထိုးလာသောကြောင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် စစ်ကောင်စီ တပ်သားများက မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် မိုးကြိုးကျေးရွာမှ အသက် ၅၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ညနေက စစ်ခွေးဘက်က လက်နက်ကြီး ပစ်တာ မိုးကြိုးကျေးရွာက အသက် ၅၀ ကျော် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့ နံနက် ၁၀ နာရီလောက်က စပြီး ရှင်လှအလယ်ရွာဘက်ကနေ စစ်ခွေးကြောင်းက ဥဒိန်သမင်ခြံဘက်ကို တိုးလာလို့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတိုက်ပွဲတွေ ဖြစ်နေတာ ၁ နာရီကျော်လောက်ကြာတယ်။ မင်းကွန်းဘက်ကနေလည်း စစ်ကြောင်းက ထိုးလာလို့ တိုက်ပွဲတွေ ဒီနေ့ ပြင်းထန်နေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က အသေများလို့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ အခု ညပိုင်းထိ လက်နက်ကြီးတွေ ပစ်နေတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article