29 C
Yangon

ရေဦးနှင့် တန့်ဆည် အစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရေဦးနှင့် တန့်ဆည် အစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း တန့်ဆည်မြို့နယ် အရှေ့ခြမ်းရှိ ရွှေလှန်နှင့် ငတန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးရွာနှင့် ဆီဆုံရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၏ဝင်ရောက် စီးနင်းမှုကြောင့် လက်ရှိချိန်တွင် တန့်ဆည်နယ်မြို့နယ် အရှေ့​ခြမ်းရှိ တပ်သစ်ရွာ၊ ကြို့ထိန်းရွာ၊ ရွာသူကြီးရွာ ကလဇင်ရွာနှင့် ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးရွာ၊ ဆီဆုံရွာ၊ ပေကုန်းရွာ၊ စီးမရွာ၊ ရွာရှည်ရွာ၊ မုံတိုင်ပင်ရွာနှင့် အင်ပင်ရွာ တို့မှ ပြည်သူ ၅၀၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် တန့်ဆည်မြို့နယ် အရှေ့ခြမ်း ရွှေလှန်နဲ့ ငတန်းရွာကနေ စထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက တပ်သစ်ရွာ ကနေ တဆင့် ရေဦးမြို့နယ် မြောက်ဘက်ခြမ်း ရွာဗုကြီးရွာနဲ့ ဆီဆုံရွာကို ပစ်ခတ်ဝင်ရောက်စီးနင်းတယ်။ အင်အား ၁၈၀ လောက်ရှိတယ်။ နံနက်က ကန့်ဘလူနယ် ကာဘိုးကနေ ကားတွေနဲ့ တန့်ဆည်နယ် အရှေ့ခြမ်း ရွှေလှန်ရွာ ငတန်းရွာကို စစ်ခွေးတွေကို ချပေးထားခဲ့တာ ဝါသဝ ခွေးကြောင်းလို့ ပြောလို့ရတယ်။ နယ်မြေချဲ့ချင်တဲ့ ပုံစံနဲ့ တန့်ဆည်နယ်ထဲကနေ ရေဦးနယ်မြောက်ဘက်ခြမ်းရွာတွေကို စထိုးလာတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွာဗုကြီးရွာမှ ဆီဆုံရွာကို ဝင်ရောက် တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article