32 C
Yangon

ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု

Must read

ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများ စစ်ဆေးခံရပြီး မိသားစုကို နှုတ်ဆက်ကန်တော့နေသည့် ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေး ၊ ပထမဆုံးအကြိမ် ပြည်ပထွက်မည့် လူငယ် အများစုကို မြန်မာနိုင်ငံမှ ထွက်ခွင့်မပြု

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အလည်အပတ် PV နိုင်ငံကူးလက် မှတ်ဖြင့် ပြည်ပထွက်မည့် လူငယ်တချို့၏ မိုဘိုင်းလ်ဖုန်းများကို စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးအဖွဲ့တချို့က စစ်ဆေးပြီးနောက် မိသားစုကို နှုတ် ဆက်ကန်တော့နေသည့်ဓာတ်ပုံပါသည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှ ပြန်လွှတ်လိုက်ကြောင်း ပြန်လွှတ်ခံရသည့် လူငယ်အမျိုးသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန်မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI လေယာဉ် ၊ လေယာဉ်ခရီးစဉ်အမှတ် 8M 364 ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာရန် ကြိုးစားသည့် လူငယ် ၁ ဦး၏ ဖုန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့၊ ရဲနှင့် လ၀က တချို့က စစ်ဆေးကြောင်း၊ ယင်းနောက် မိုဘိုင်းလ်ဖုန်းထဲတွင် မိဘနှင့် ဆွေမျိုးများကို ကန့်တော့နေသည့် ဓာတ်ပုံကို မြင်တွေ့ရပြီးနောက် အလည် အပတ်သွားရောက်ခြင်းမဟုတ်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်းခဲ့ကြောင်း သိရှိရသည်။

“ဖုန်းထဲမှာ ခရီးသွားခါနီးဆိုတော့ မိဘကို ကန်တော့တဲ့ပုံနဲ့ သီတင်းကျွတ်တုန်းက အိမ်ကို အလည်လာတဲ့ ဆွေမျိုးဘကြီးတွေကို ကန်တော့တဲ့ဓာတ်ပုံတွေကို ရိုက်ထားတာပါ။ သူတို့ စစ်ဆေးတဲ့ စာရွက်စာတမ်းတွေ အကုန် ပြနိုင်ပါတယ်။ မနေ့က ရန်ကုန်-ဒွန်မောင်း ခရီးစဉ်နဲ့ ဘန်ကောက်သွားဖို့ပါ။ ၂ လ တိုးရစ်ဗီဇာလည်းပါတယ်။ Show Money ဘတ် ၃၀၀၀၀ ပြပါတယ်။ လေယာဉ်လက်မှတ်အသွားအပြန်၊ ဟိုတယ်ဘိုကင်စာရွက်လည်း အကုန်ပါတယ်။ အဲဒါ ပြီးမှ ဖုန်းကို ယူစစ်ပြီး မိဘတွေကို ကန်တော့နေတဲ့ပုံတွေ့တယ်ဆိုပြီး လေဆိပ်ကနေ ပေးမထွက်ပါဘူး။ လူတိုင်းကို ဖုန်းစစ်တာမဟုတ်ဘူး။ ကျနော်နဲ့ အခြားလူငယ် ၃ ဦးရဲ့ ဖုန်းကို ယူစစ်တာပါ။ ခရီးသွားမယ့် လူတိုင်းရဲ့ ဖုန်းကို စစ်တာမဟုတ်ပါဘူး” ဟု ခရီးသွားခွင့် ငြင်းပယ်ခံခဲ့ရသည့် ကာယကံရှင် လူငယ်က ပြောဆိုသည်။

ထို့ပြင် ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ပထမဆုံးအကြိမ် သွားရောက်မည့် လူငယ်များအနက်မှ ၉၀ ရာခိုင်နှုန်းခန့်မှာ လေဆိပ်မှ ထွက်ခွာခွင့်မရရှိဘဲ နေအိမ်သို့ ပြန်ခိုင်းနေကြောင်း သိရှိရသည်။

“ကျနော်နဲ့အတူ PV အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပထမဆုံးအကြိမ်သွားမယ့် လူငယ်တော်တော်များများ ပြန်လွှတ်ခံရတယ်။ တစ်ကြိမ်ငြင်းလိုက်လို့ နောက်တစ်ကြိမ် ထပ်ကြိုးစားတာလည်း မရဘူး။ PV ပထမဆုံးအကြိမ်တွေ ပေးမသွားဘူးဆိုပြီးပြောတယ်။ ဘာအကြောင်း ပြချက်မှ မပေးဘဲနဲ့ ပယ်ချတာပါ” ဟု PV နိုင်ငံကူးလက်မှတ်ဖြင့် အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်း ထိုင်းနိုင်ငံသို့ ထွက်ခွာရန် ၂ ကြိမ်ကြိုးစားခဲ့သူ ရန်ကုန်မှ အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက ရှင်းပြသည်။

ယခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ စစ်ကောင်စီက နိုင်ငံကူးလက်မှတ် Passport For Visit- PV ဖြင့် ပြည်အလုပ်အကိုင်အတွက် လေ ကြောင်း ခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် တားဆီးစစ်ဆေးမည်ဟု ကြေညာကာ စစ်တပ်က လူငယ်များကို ပြည်ပထွက်ခွင့် စတင်ပိတ်ပင်မှုများ လုပ်ဆောင်လာကြောင်း၊ ရန်ကုန်လေ ဆိပ်တွင် အလည်အပတ်နိုင်ငံကူးလက် မှတ် PV ၊ အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပထွက်ခွာသူများအား လုံးကို စစ်ကောင်စီက တင်း ကျပ်စွာ စစ်ဆေးနေပြီး မသင်္ကာသူမှန်သမျှကို လေဆိပ်မှ ထွက်ခွာခွင့်မပြုတော့ဘဲ တားဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article