By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရုရှားကုန်တင်သင်္ဘောဟာ သီလဝါဆိပ်ကမ်းမှာ မေလ ၁၃ ရက်နေ့က စစ်လက်နက် ပစ္စည်း တန်ချိန် ၂၀၀ ကျော်လာချပေးသွားပြီး အဲ့ဒီ့စစ်လက်နက်ပစ္စည်းတွေကို ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီ တပ်ဘက်က ဒုတိယဗိုလ်မှူးကြီး တစ်ဦး ဦးဆောင်ပြီးတော့ နှစ်ကြိမ်ခွဲ ခိုးကြောင်ခိုးဝှက် သယ်ယူခဲ့ တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ ၄၂၂ တပ်ရင်းရဲ့ ကင်းပုန်းကို မိုးဗြဲ PDF က ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးသွားတယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားပါတယ်။
-မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာရှိတဲ့ ကျေးရွာ ၄ ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ၁၈ ဖွဲ့က ပူးပေါင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၂၂ ဦးသေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။