33 C
Yangon

တန့်ယန်းမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှု လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

UWSA “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က သိမ်းပိုက်ထားသော တန့်ယန်းမြို့နယ်ထဲတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းလိုက်ကြောင်း UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်လက်ထဲ လွှဲပြောင်းခဲ့ကြောင်း၊ “ဝ” တပ်ဖွဲ့ – UWSA တပ်စွဲ ကင်းလှည့်နေသည့် တန့်ယန်း နယ်မြေအနီး တစ်ဝိုက် ကျားဖျန်လုပ်ငန်းလုပ်ကိုင်သူများကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးနှင့်အတူ ဂြိုလ်တု အင်တာနက် (Starlink) ၇၆ ခု၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ဗျူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်၊ ပြည်သူ့လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်အရ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၇၆၂ ဦးနှင့်အတူ၊ သက်သေပစ္စည်းများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့”ဝ”အဖွဲ့လှုပ်ရှားတဲ တန့်ယန်းနယ်မှာကျားဖျန့် ၁၀၀၀ ကျော်ဖမ်းမိပါတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကလူပါ။ မနေ့က”ဝ” တရုတ်နယ်စပ်ခြားဂိတ်မှာလွဲပြောင်းပေးလိုက်ပါတယ်။ ကျန် ၃၀၀ ခန့်ကမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ဖို့ရှိပါတယ်” ဟု ဦးညီရန်းက ပြောဆိုသည်။

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA က ဇူလိုင် ၁၀ ရက်နေ့ အင်အား ထောင်ချီဖြင့် တန့်ယန်းမြို့ထဲသို့ ဝင်ရောက်ပြီး တပ်စွဲသိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article