ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို စက်သုံးဆီ သယ်ယူခွင့်ပိတ်ပင်ပြီးတဲ့နောက် စစ်ကိုင်းတိုင်းက ကလေးမြို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး ဓာတ်ဆီရ ဖို့အတွက် ပြည်သူတွေ အလုအယက်ဝယ်ယူနေရသလို ၊ မှောင်ခိုစျေးကွက်မှာလည်း ဓာတ်ဆီတစ်ဂါလန် ငွေကျပ် ၄၀၀၀၀ နီးပါးအထိ ရှိနေတယ်လို့ ဒေဿခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် -ဟိုနမ့်ပွန် ချောင်းတံတားဘက်ကို စစ်ကြောင်း ထိုးလာတဲ့အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ PNLA ပူးပေါင်းတပ်တွေအကြား ဒီကနေ့မှာပဲ တိုက်ပွဲ ပြင်းထန်နေပြီး ၊ စစ်ကောင်စီတပ်က လေကြောင်းကနေပါ ဗုံးကျဲတိုက်ခိုက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar