24 C
Yangon

ထားဝယ်မြို့နယ်တွင် စစ်တပ်၏ အတင်း အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်

Must read

ထားဝယ်မြို့နယ်တွင် စစ်တပ်၏ အတင်း အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်တပ်၏ အတင်း အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသူ ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မတရားဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းခြင်း ခံထားရသော ခလရ ၂၈၂ တပ်ရင်းမှ တပ်သား စိုင်းလင်းကိုသည် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ထံအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက် နှင့် 5.56 ကျည် ၂၃ တောင့်တို့ ယူဆောင်လာခြင်းကြောင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF မှ ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အကြောင်း အမျိုးမျိုးကြောင့် စစ်ကောင်စီ လက်အောက်ခံ တပ်သားအဖြစ် သွတ်သွင်းခံရသူများအနေဖြင့် မနှောင်းသော အသိဖြင့် လက်နက်ချ အလင်းဝင် ခိုလှုံရန် အသိပေးကြောင်း၊ TPLF အနေဖြင့် လက်နက်ချ၊ အလင်းဝင် ၊ထွက်ပြေး ခိုလှုံလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသက်အန္တရာယ်ကို အာမခံချက် ပေးမည် ဖြစ်ကြောင်းနှင့် အလင်းဝင်ရောက်သူများ ကြိုဆိုနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article