24 C
Yangon

မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် Yangon Army(YA)၏ ၁ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ် ရှိအကြမ်းဖက်မင်းအောင်လှိုင် လက်အောက်ခံ မြဝတီအသံလွှင့်ဌာန ကို Yangon Army (YA)က ဗုံးပစ်လောင်ချာ M79 လက်နက်ကြီးဖြင့် ၄၀ မမ ဗုံး ၃လုံးကို ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“မှော်ဘီမှာ ဒီညနေ ၅ နာရီဝန်းကျင်က ပေါက်ကွဲသံ ၃ ချက်ကြားရပါတယ်။ ဘယ်နားပေါက်မှန်းတော့မသိပါဘူး” ဟု မှော်ဘီမြို့နယ်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုသည်။

Yangon Army အနေဖြင့် နောက်ထပ် ပစ်မှတ်ကြီးများကိုလည်း အကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်နှင့်ဝေးရာ ရှောင်ရှားနေထိုင်ကြရန် သတိပေးထားသည်။

ဓာတ်ပုံ- မြ၀တီရုပ်သံလွှင့်ဌာနကို သွားရောက် စစ်ဆေးနေသည့် အကြမ်း ဖက်မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article