Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က တရုတ် ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက်ဆိုပြီး တရုတ် လက်နက်ကိုင်တပ်ဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားပြီး Jammer တွေ တပ်ဖို့ နဲ့ ထောက်လှန်းရေး ဒရုန်းတွေ ချထားဖို့တွေအပြင် ၊ မိုင်းတွေပါ တပ်ဆင်တာတွေလည်း လုပ်ဆောင်ဖို့ ရှိနေပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့က ရေကျော်ပွဲစျေးကို ကျင်းပခိုင်းထားတဲ့ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေ ဗုံးခွဲမယ်ဆိုတဲ့ သတင်းအမှားတွေကို ဝါဖြန့်နေသလို ၊ သူတို့ကသာ ဗုံးခွဲပြီး တော်လှန်ရေးအပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားအောင် အပြစ်ပုံချတာတွေ လုပ်လာနိုင်တယ်လို့ မြောက်ဥက္ကလာပ မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်း ၊ ဆီမီးခုံမြို့မှာရှိတဲ့ ကောင်းမြက်အောင် စားသောက်ဆိုင်မှာ သောက်စား မူးရူးနေတဲ့ ရဲ ၃ ဦးကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်မှုအတွင်း ရဲ ၂ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတဲ့အပြင် ၊ ကျန်တဲ့ ၁ ဦးက ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။