27 C
Yangon

ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူး အဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ပျူစောထီး ခေါင်းဆောင် လင်းဦးသည် ဒဏ်ရာပြင်းထန်ပြီး လက်ရှိချိန်တွင် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

” ဒီနေ့ မနက် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လင်းဦးက သေတော့မယ်။ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ ဒီကောင်က ဂိတ်တွေအများကြီးပိုင်တယ်။ ရေးမြို့နယ်ထဲက ပျူစောထီးတွေထဲမှာ အကြီးဆုံးပဲသူက အင်အား ရာနဲ့ ရှိတယ်” ဟု ရေဘီးလူး အဖွဲ့ ခေါင်းဆောင်ကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article