ကလေးမြို့တွင် ၁၀၄ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းသားလူထုသပိတ်ဟောပြောပွဲပြုလုပ်
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းက ဒေသပြည်သူနှင့်အတူပူးပေါင်းကာ ၁၀၄ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းသားလူထုသပိတ်ဟောပြောပွဲလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက တတ်ရောက်လာသော ကျောင်းသားပြည်သူနှင့်အတူ ကျောင်းသားသစ္စာအဓိဋ္ဌာန်ပြုကာ သပိတ်တရားများ ဟောကြားခဲ့ကြောင်း၊ထို့ပြင် အာဏာသိမ်း စစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရန် ၊စစ်အုပ်စု၏ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ပေးရေးအတွက် “Airbus: End investment in AVIC” ခေါင်းစဥ်ဖြင့် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။