32 C
Yangon

မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသောကြောင့် MDY PDF က ခရီးသွားလာခွင့် ပိတ်ပင်

Must read

မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသောကြောင့် MDY PDF က ခရီးသွားလာခွင့် ပိတ်ပင်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသောကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းတွင် ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDFမှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်သော မတ္တရာ-စဉ့်ကူး- သပိတ်ကျင်း လမ်းပိုင်းကို လတ်တလော စစ်ရေး အခြေအနေများကြောင့် ယာယီ သွားလာမှုများ စတင် ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်သည် နောက်ထပ် တစ်စုံတစ်ရာ ထုတ်ပြန်မှု မလုပ်မချင်း အတည် ဖြစ်ကြောင်း သိရသည်။

“မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်ပွားနေတဲ့ အတွက် ဒီလမ်းပိုင်းအသုံးပြုခွင့်ကို စတင်ကန့်သတ်တာဖြစ်ပါတယ်။ အဓိကတော့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးကြောင့်မို့ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီးတော့ ပြန်လည်ဖြေ လျော့ပေးတာ သို့မဟုတ် လုံးဝပိတ်ပင်တာမျိုးလည်း ရှိနိုင်ပါတယ်” ဟု မန္တလေး PDF ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်က ပြောဆိုသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ထိန်းချုပ်စိုးမိုးဒေသများတွင် အကြမ်းဖက် စစ်တပ်၏ ထုတ်ကုန် ပစ္စည်းများကို တင်သွင်းခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း နှင့် အသုံးပြုခြင်း များကို တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမည် ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MDY PDF က သတိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article