27 C
Yangon

ထီးလင်း၊ စခန်းကြီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး အရှင်ဖမ်းဆီးရရှိ

Must read

ထီးလင်း၊ စခန်းကြီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း ထီးလင်းမြို့နယ် စခန်းကြီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ညောင်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်စောပိုင်း ၁ နာရီခန့်တွင် ထီးလင်းမြို့မှ အရှေ့ဘက် ဒေသအခေါ် စခန်း ကြီးဘက်သို့ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ရဲမာန်ဦးဆောင်သည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်း တက်လာကြောင်း ကြိုတင်သတင်းရသဖြင့် ဒေသတော်လှန်ရေးအဖွဲ့က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးညောင်ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိ ကာ ၎င်းတို့ကို ထီးလင်းမြို့ပြည့်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသထားကြောင်း သိရသည်။

“ကြိုတင်သတင်းရလို့ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ပစ်တာ၊ ဖြစ်တဲ့နေရာက တောထဲမှာ ဆိုတော့ ပြည်သူတွေမရှိဘူး။ ထီးလင်းမြို့ကနေထွက်ပြီး ၁ မိုင်လောက်ပဲရောက်သေးတယ် တိုက် ခိုက်ခံရတာ၊ မနက်ကတည်းကဖြစ်တဲ့တိုက်ပွဲ နေ့လယ် ၁၁ နာရီကျော်အထိကြာတယ်။ သေတဲ့အထဲ မှာ ဗိုလ်ညောင်ဦးဆိုတာပါတယ်။ ကျနော်တို့နာမည်ပြောင်ခေါ်ကြတာ၊ နာမည်အရင်းတော့မသိရ သေးဘူး။ ထီးလင်းခန်းမမှာက ဗိုလ် ၄ ယောက်ရှိတာ၊” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁ ဦးကိုလည်း တော်လှန်ရေးရဲဘော်များက အရှင် ဖမ်းမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာကာ လေကြောင်းပစ်ကူခေါ်ခဲ့သဖြင့် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခမှ Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာသည် အထိပစ်ကူယူကာ ထီးလင်းမြို့သို့ ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်တပ်မှ စစ်ကြောင်းမှူး ဗိုလ်ကြီးရဲမာန် ဦး ဆောင် သည့်စစ်ကြောင်းသည် နိုဝင်ဘာ ၂၈ ရက်နေ့ည ၈ နာရီကျော်အချိန်ခန့်က မြို့အရှေ့ ဘက်နေရာ များကို ၁၂၀ မမ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article