27 C
Yangon

ထိုင်းနိုင်ငံတွင် မိုးပျံတံတားလုပ်ငန်းခွင် ပြိုကျမှု မြန်မာအလုပ်သမား ၄ ဦးသေဆုံးပြီး နစ်နာကြေးအတွက် မှန်ကန်သော အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် သတိပေး

Must read

ထိုင်းနိုင်ငံတွင် မိုးပျံတံတားလုပ်ငန်းခွင် ပြိုကျမှု မြန်မာအလုပ်သမား ၄ ဦးသေဆုံးပြီး နစ်နာကြေးအတွက် မှန်ကန်သော အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသမှာ ဆောက်လက်စမိုးပျံတံတားလုပ်ငန်းခွင်ပြိုကျမှုကြောင့် မြန်မာအလုပ်သမား လေးဦးသေဆုံးခဲ့တယ်လို့ထိုင်းသတင်းတွေ နဲ့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကဆီက သိရပါတယ်။

ဒီကနေ့နံနက်ပိုင်းမှာ Rama II လမ်းက မဟာချိုင်ဈေးသစ် အနီးက ဆောက်လက်စ အစိတ်အပိုင်းတစ်ခုပြိုကျခဲ့တာ ကြောင့် မြန်မာအလုပ်သမား ၄ ဦးနဲ့ ထိုင်းအလုပ်သမား ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။

မိုးပျံတံတား လုပ်ငန်းခွင်အတွင်း အသုံးပြုတဲ့ ကရိန်းပြတ်ကျခဲ့တာကြောင့် တံတားသံဘောင်တွေ ပါပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုးပျံတံတားပြိုကျချိန်မှာ လုပ်ငန်းခွင်ဝင်နေတဲ့ အလုပ်သမား ၄၀ နီးပါးရှိပြီး ၂၅ ဦး မှာဘေးအန္တရာယ်ကင်း က ဒဏ်ရာရအလုပ် သမားတွေ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုရဲမင်းကတော့ လုပ်ငန်းခွင်မှာ သေဆုံးသွားတဲ့ မြန်မာတွေအတွက် နစ်နာကြေးကို ကျန်ရစ်သူ မိသားစုဆီကို မှန်မှန်ကန်ကန်ရောက်ရှိဖို့အရေး သတိပြုဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

“ဒီမိုးပျံတံတားက တစ်နှစ်တစ်ခါ ပြိုကျနေတာ ဒါနဲ့ဆိုနှစ်ကြိမ်ရှိပြီ ပြိုကျတိုင်း လူ​သေဆုံးတယ်။ မြန်မာလုပ်သား ၄ ဦးသေဆုံးခဲ့ရတယ်။ ဒီလုပ်ငန်းခွင်က အထောက်အထားရှိတဲ့ မြန်မာလုပ်သားတွေကိုပဲ အလုပ်လုပ်ခွင့်ပြုတာများတယ်။ ​သေဆုံးသူတွေ အထောက်အထားရှိရှိ မရှိရှိ လုပ်ငန်းခွင်မှာ ထိခိုက်​သေဆုံးတာဖြစ်လို့ သေချာပေါက် နစ်နာကြေးတွေရရှိခံစားရမှာပါ။ ကျန်ရစ်သူမိသားစုတွေက ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ သတိပေး တိုက်တွန်းလိုက်ရပါတယ်” လို့ ကိုရဲမင်းက ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article