မုံရွာမြို့၊ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန်ခန့်တွင် မုံရွာမြို့ အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို 3 star ဒေါင်းလေးအဖွဲ့နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဲတိုက်ခိုက်မှုက စစ်ခွေး ၁ ကောင်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ကျန်တော်တို့ ဖြစ်စဉ် အသေးစိတ်ကို ဆက်လက် ထုတ်ပြန်ပါ့မယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။