27 C
Yangon

နွားထိုးကြီးနှင့် ဆားတောင်ရှိ ရဲစခန်း အပါအဝင် တပ်စွဲထားသောနေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

နွားထိုးကြီးနှင့် ဆားတောင်ရှိ ရဲစခန်း အပါအဝင် တပ်စွဲထားသောနေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံတွင် တပ်စွဲထား‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကနားနယ်မြေရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်မှု အပြီးမှာတော့ စစ်ခွေးတွေ စစ်ကြောင်းထိုးတာမျိုး မရှိပါဘူး။ စစ်ခွေးသေဆုံးမှုကတော့ ထပ်တိုး မရှိပါဘူး။ ခွေး ၃ ကောင်ပဲသေတာပါ။ ကျွန်တော်တို့ မြင်းခြံ ခရိုင်တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ အနေနဲ့ စစ်ခွေးတွေကို အတတ်နိုင်ဆုံး ကြိုးစားသုတ်သင် ရှင်းလင်းသွားမှာပါ” ဟု Natogyi People Defence Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) နှင့် Myingyan District Drone Strike တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့တွင် ပြည်သူများထံမှ ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerilla Force (Sadaung Falcon) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်နှင့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ဆားတောင်မြို့ ရဲစခန်းမှ ရဲများနှင့် ညောင်ငုတ်တို ပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများ ပိုက်ဆံကောက်နေချိန် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရဲဘော်များ အနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ပြီး ဒရုန်း ၁ စီး ဂျန်ဘာ ထိမှန်ကာ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ ပျက်ကျသွားသော ဒရုန်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပဲ စစ်ခွေး ၂ ကောင်တော့ ဒဏ်ရာရတာပဲသိရတာ အထိခိုက်ပဲရှိတယ်။ သေတာတော့မကြားမိသေးဘူး”ဟု Royal Falcon Guerilla Force (Sadaung Falcon) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing၊ Unicorn Guerrilla Force ၊ စစ်ကိုင်း ခရိုင် အမှတ် ၇ တပ်ရင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ Phoenix-Sagaing မှ ထုတ်လုပ်သော ဗုံးသီးများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article