28 C
Yangon

မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူ တရားခံ ၃ ဦးကို ပလဖ က ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသူ ၂ ဦးကို ဆက်လက် ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေ

Must read

မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူ တရားခံ ၃ ဦးကို ပလဖ က ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသူ ၂ ဦးကို ဆက်လက် ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူ တရားခံ ၃ ဦးကို ပလဖ က ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသူ ၂ ဦးကို ဆက်လက် ဖမ်းဆီးနိုင်ရေး လုပ်ဆောင်နေကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ နဝရတ် ရွှေဆိုင်ဓားပြ တိုက်မှုဖြစ်စဥ်တွင် ပါဝင်‌သူ တရားခံ ၃ ဦးဖြစ်သည့် စိုးသူ (ခ) အရှည်ကြီး၊ ဟိန်းကိုကို (ခ) မိုးညိုနှင့် အောင်နိုင်ထွန်း (ခ) တောသား တို့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာ-ပလဖ) ဒုတာဝန်ခံ ဖြစ်သော ကိုသီဟ ၊ မုံရွာခရိုင်တပ်ရင်း (၄) မှ (တာဝန်ခံ) ဒေါနမောင်မောင် နှင့် ရဲဘော်များက ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နဝရတ် ရွှေဆိုင် ဓားပြတိုက်မှုတွင် ဖမ်းဆီးရန် ကျန်ရှိနေသော တရားခံပြေး ၂ ဦး ဖြစ်သည့် ကတုံးနှင့် ခိုင်ခိုင်လွင်သာ ကျန်ရှိ‌တော့ပြီး ဖမ်းဆီးရန်ကျန်ရှိသော တရားခံ‌‌ပြေးများကို မုံရွာမြို့နယ် ပလဖ အဖွဲ့ ထံသို့ဆက်သွယ်ကာ လာရောက်အဖမ်းခံရန် အသိပေးထားသည်။

နဝရတ် ရွှေဆိုင် ဓားပြတိုက်မှုဖြစ်စဉ် အလုံးစုံနှင့် ဖမ်းဆီးရရှိသည့် တရားခံများ၏ တစ်ဦးချင်း ထွက်ဆိုချက်များကို မုံရွာမြို့နယ်-ပလဖ (တာဝန်ခံ) ကို အာကူးနှင့် မုံရွာမြို့နယ်-ပကဖ (တာဝန်ခံ) တို့က အထူးစစ်ဆေးမေးမြန်းလျက်ရှိပြီး တရားခံတစ်ဦးချင်းစီ၏ ထွက်ဆိုချက်များကို ရုပ်သံဖိုင်နှင့်တကွ ပြည်သူများထံ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

တရားခံပြေးများသည်လည်း မိမိတို့ အသိစိတ်ဖြင့် လာရောက်အဖမ်းဆီးခံကြရန်နှင့် အဖမ်းအဆီး မခံပါက ထွက်ပြေးတိမ်းရှောင်ရာ ဒေသအလိုက် ပစ်မိန့်ပေးမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article