ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ် ကျောက်ပုံကျေးရွာတွင် စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသော အသက် ၇၅ နှစ်အရွယ် အဘွား ဒေါ်တင်ပိုင်၏ အလောင်းကို ရှာဖွေတွေ့ရှိရပြီး သဂြိုလ်
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ အသက် ၇၅ နှစ်အရွယ် အဘွားအို ဒေါ်တင်ပိုင်ကို ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အစပ်ရှိကျေးရွာ များ ဖြစ်သော ကျောက်ပုံရွာ ၊ ခဲပစ်ရွာ ၊ ညောင်ကုန်းရွာကို အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူး ပေါင်း အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်ခဲ့ကြောင်း၊ ထိုသို့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ဝင်ရောက်စီးနင်းသည့် အကြမ်း ဖက်စစ်ကြောင်းအား မင်းဘူးခရိုင် တပ်ရင်း ၄ နှင့် ပွင့်ဖြူမြို့နယ်ပကဖ ပူးပေါင်း၍ ခုခံကာကွယ် ခဲ့သော်လည်း အကြမ်းဖက်စစ်သားများက ရွာထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်စစ်သားများက ကျောက်ပုံရွာထဲရှိ အသက် ၇၅ နှစ်အရွယ် ဒေါ်တင်ပိုင်ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရွာထဲရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း ၊ နွား တစ်ကောင်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့အပြင် ညောင်ကုန်းရွာမှ လူနေအိမ် ၃ လုံး၊ ကျောက်ပုံရွာမှ လူနေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” ကျေးရွာထဲမှာ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံထားရတဲ့ အသက် ၇၅ နှစ်အရွယ် အဘွားအို ဒေါ်တင်ပိုင် အသက် ၇၅ နှစ်ရဲ့ ရုပ်အလောင်းကို ကျေးရွာသားတွေက ရဟန်းသံဃာတွေနဲ့ တိုင်ပင်ပြီး သဂြိုလ်ပေးခဲ့ပါတယ်။ ကျေးရွာထဲမှာလည်း စစ်ကောင်စီလက်ကျန် လက်နက်ခဲယမ်း မိုင်းတွေ ရှင်းလင်းရတယ်။ မီးငြိမ်းသတ်တာနဲ့ စစ်ကြောင်းအတွင်း ဖမ်းဆီး ပြည်သူတွေကို ကယ်တင်ခြင်း အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးခဲ့ပါတယ်” ဟု မင်းဘူးခရိုင် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အညာသားက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လယ်မရွာနှင့် ကျွဲခြံရွာကို တောလမ်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးကာ မဲဇလီဘက်မှစစ်ကြောင်းနှင့် နှစ် ဘက်ညှပ်၍ ညနေ ၃ နာရီခွဲခန့်တွင် လက်နက်ကြီး အချက် ၅၀ နီးပါးဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် မင်းဘူးခရိုင် တပ်ရင်း ၄ မှ စစ်မျက်နှာသုံးခုဖြင့် ခုခံကာကွယ်ခြင်း၊ စစ်သားများလာရာလမ်းကို မိုင်းတပ်စိတ်မှ မိုင်းထောင်ဖောက်ခွဲခြင်း ၊ မကွေးတိုင်း ၊ ပကဖ ဒရုံးလက်ရုံးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ချ တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရ သည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ် အမြောက်အများ အသုံးပြုခြင်း၊ လက်နက်ငယ် ကျည်ပေါများစွာပစ်ခတ်ခြင်းနှင့် လမ်းပြပေးသူကောင်းခြင်းတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာပေးလိုက်ရပြီး အကြမ်းဖက်စစ်သားများက ကျွဲခြံကျေးရွာအတွင်းရှိ ပြည်သူ့ နေအိမ်များစွာကို ဖျက်ဆီးကာ၊ ပြည်သူပိုင်ပစ္စည်း၊ ဆိုင်ကယ်များ ခိုးယူပြီး မဲဇလီစခန်းကုန်းသို့ ဆုတ် ခွာသွားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မဲဇလီစခန်းကုန်းမှ ဆုတ်ခွာသွား အကြမ်းဖက်စစ်ကားများကို အကြမ်းဖက်ကားများကို ရွှေဘိုရွာသစ်ရွာနှင့် မကျည်းရုံးရွာကြားအရောက်မင်းဘူးခရိုင် တပ်ရင်း ၄ ရဲဘော်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စလင်းဆေးရုံသို့ သယ်ဆောင်သွား ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မကျည်းရုံ ကျေးရွာမှ အဖွား ဒေါ်အုံးကြည် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ အကြမ်းဖက်စစ်သားများ ဝင်ရောက်ဖျက်ဆီးခဲ့သည့် ကျွဲခြံရွာ၊ ကျောက်ပုံရွာ၊ ခဲပစ်ရွာ၊ ညောင်ကုန်းရွာများကို မင်းဘူးခရိုင်တပ်ရင်း ၄ မှ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ရာ ကျည်ထိမှန်သေဆုံးသွားသော ကျောက်ပုံရွာမှ ဒေါ်တင်ပိုင်ကို ကောင်းမွန်စွာ သင်္ဂြိုလ် ပေးခြင်း၊ မီးမငြိမ်သေးသော လယ်မရွာမှ ပြည်သူ့နေအိမ်များကို မီးငြှိမ်းသတ်ခြင်းတို့ လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။