ရန်ကုန်၊ မေ ၁၅
ရန်ကုန်တွင် တော်လှန်ကျောင်းသားလူငယ်များသည် ‘မတရားမှုလွင်ပြင်မှာ ခိုလှုံစရာ ဘာအရိပ်မှ မရှိ’ ဘန်နာကိုင်ဆောင်ပြီး မေလ ၁၅ ရက်တွင် အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)၊ Revolution Force(RF)၊ Labour Alliance (CTUM)၊ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ အလုံလူငယ်တပ်ဦး (AYF)၊ LGBT Community Yangon၊ Youth Association of Thingangyun (YAT) တို့ပူးပေါင်းကာ ချီတက်ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံမှ ထွက်ပေါ်လာသည့် အလံကို မီးရှို့ ဆန္ဒပြကြသည်။
Photo – AAMIJ