ဒီကနေ့ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်းနိုင်ငံက ငါးဖမ်းစက်လှေကို လူထိခိုက်သေဆုံးတဲ့အထိ အကြမ်းဖက် စစ်ကောင်စီရဲ့ ရေတပ်က ပစ်ခတ်မှုကို လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးတာဆိုပြီး အကြမ်းဖက်ဇော်မင်းထွန်း က တုံ့ပြန် ပြောဆိုလိုက်ပြန်တဲ့အပြင်၊ စက်လှေပေါ်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်နွယ်ပစ္စည်းတွေ ရှိတယ်ဆိုပြီးတော့ပါ အကြောင်းပြ ပြောဆိုလိုက်ပြန်ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ သက်ကြီးပိုင်း ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်ဆေးရေးဂိတ်၊ တပ်လုံခြုံရေး၊ ဧည့်စာရင်းစစ်တာတွေနဲ့ နယ်မြေရှင်းလင်းရေးတွေမှာ စတင် အသုံးပြုခိုင်းစေလာပြန်တယ်လို့ အဲဒီ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မုံရွာမြို့နယ်၊ ညောင်ဖြူပင် ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦးကတော့ ပွဲချင်းပြီးကို သေသွားတဲ့အပြင် ၊ ဒဏ်ရာ ရတဲ့သူတွေလည်း ရှိသွားပြီး ဆေးရုံကို အသည်းအသန် သယ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar