23 C
Yangon

ကနီတွင် စစ်တပ် စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး အပါ အဝင် စစ်သား ၁၅ ဦးသေဆုံး၊ ပေါင်းတည်တွင်လည်း ကင်းလှည့် နေသည့် ရဲ ဆိုင်ကယ် ၃ စီး မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မင်းမကျေးရွာ အနောက်ဘက်ရှိ လျှိုမြောင်ထဲတွင် စခန်းချနားနေစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါး တပ်တော် (M.R.D.A)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်တပ်သည် မင်းမကျေးရွာ အနောက်ဘက်ရှိ လျှိုမြောင်ထဲတွင် တဲအိမ်များဖြင့် အနားယူနေစဉ် ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကြောင်းမှူး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနှင့် အိုင်းမကုန်းကျေးရွာအကြားတွင် ဇီးဖြူ ကုန်းပျူစခန်းမှ ထွက်လာသော စစ်တပ်နှင့်ပျုစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးကို ထမ်းပိုးတွဲခေါ်ဆောင်သွားကာ သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင် နဂါး တပ်တော် (M.R.D.A) နှင့် KUG ကိုယ်စားပြု G.Y.Z ၊ KLG ၊ CRA တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော်က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း-တာပွန်လမ်းပေါ်တွင် ဆိုင်ကယ်သုံးစီးဖြင့် လှည့်ကင်း ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်တွင် ပြည်သူ ခရိုင် PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး ပြင်းထန်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ၃၆၀၁၊ PPDF တပ်ခွဲ (၃) မှ မိုင်းဆွဲ တိုက်ခဲ့ခြင်းကြောင်း ပြည်သူ ခရိုင် PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article