31 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်က ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ စမ်းကြီးရွာမှ အင်အား ၄၄ ဦးဖြင့် ထွက်ခွာလာ‌သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ၊ တောင်ကျစမ်းအထက် ပြောင်‌တောင် ခြေရင်းသို့ အရောက် ပဒေသာမိုင်း ၂ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ပေါင်းတည်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်သား ၂၀ လောက်က နတ်တလင်းမြို့နယ်၊ ပန်တင်းပင် ကျေးရွာကို ရောက်နေတာ၊ အဲဒီစစ်သားတွေကို ကွင်းကျယ်အထိုင်စခန်းက စစ်သား ၂၄ ဦးက သွား ကြိုတယ်၊ စမ်းကြီးကျေးရွာမှာ ဆုံပြီး ကွင်းကျယ်အထိုင်စခန်းဘက်ကို ပြန်လာတဲ့အချိန် လမ်းက ဖြတ်ပြီးမိုင်းဆွဲခဲ့တာ၊ မိုင်းဆွဲပြီးတော့ လာရာလမ်းအတိုင်းထမ်းစင်တွေနဲ့ပြန်ဆုတ်သွားတယ်၊ အခုက မြို့ပေါ်လည်းမရောက်သေးဘူး။ လမ်းမှာပဲ ဆေးကုသနေတယ်လို့ သိရတယ်။ သေဆုံးမှုကတော့ ထုတ်ပြန်ချက်ထဲကတိုင်းပါပဲ၊ ထပ်တိုးသတင်းတော့မရသေးဘူး” ဟု နတ်တလင်းမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ – Phoenix DF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်‌‌ဒေသ၊ စစ်ဒေသခွဲ ၂ ၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix DF ရဲဘော် များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix DF အနေဖြင့် စ‌စ်သား၊ ရဲ၊ ပျူစောထီး များနှင့် အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်များကို အခါအခွင့်သင့်လျှင် သင့်သလို တိုက်ခိုက်သွား မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး၊ ဒေါက်တိုင်များ အနီး သွားလာနေထိုင်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ – မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article