20 C
Yangon

တောင်ကုတ်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် တောင်ကုတ်မြို့မဈေးနှင့်ညစျေးတန်း လုံး၀ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် တောင်ကုတ်မြို့မစျေးနှင့် ညစျေးတန်းလုံး၀ ပျက်စီးသွားကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီးက တောင်ကုတ်မြို့မစျေးကို ဗုံး ၂ လုံးကျဲချတိုက်ခိုက်သွားရာ တောင်ကုတ်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း ၅၀ ကျော်လုံး၀ပျက်စီးသွားကြောင်း၊ အလားတူ တစ်ချိန်တည်းတွင်ပင် စစ်ကောင်စီလေတပ်က တောင်ကုတ်မြို့ ညစျေးတန်းကိုလည်း တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယင်စျေးမှ ဆိုင်ခန်းပေါင်း ၂၀ ကျော် မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ဂူတာရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်များပျက်စီးခဲ့ကြောင်း၊ လူထိခိုက်မှုများလည်းရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တောင်ကုတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြို့ပေါ်ဒေသခံများအပါအဝင် အခြားသော အရပ်သားပြည်သူများ စစ်ရှောင်နေကြသော ကျေးရွာလည်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article