ရန်ကုန်၊ ဒီဇင်ဘာ ၆
အာဆီယံ တပ်မတော်များ ချစ်ကြည်ရေး သေနတ်ပစ်ပြိုင်ပွဲတွင် ဒုဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်သော အဖွဲ့က ဆုတံဆိပ် တစ်ခုမှ မရဘဲ အာဆီယံနိုင်ငံ အလိုက် အဆင့် ၈ နှင့်သာ ကျေနပ်ခဲ့ရသော်လည်း အဆင့် ၃ ရရှိသည်ဟု လိမ်လည် ပြောဆိုခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်တွင် နှစ်လုံးပေါက် တွဲဖက် လေ့ကျင့်လျက်ရှိသော အကြမ်းဖက် စစ်တပ် သေနတ်ပစ် အသင်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် ၃၂ ကြိမ်မြောက် အာဆီယံ နိုင်ငံတပ်မတော် ကြည်းသေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာလ တတိယပတ်တွင်သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၃ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အာဆီယံ တပ်မတော် သေနတ်ပစ်အသင်းများအနေဖြင့် နိုင်ငံအလိုက် ပြိုင်ပွဲဝင်ခြင်း မဟုတ်ဘဲ ပြိုင်ပွဲဝင်သည့်နိုင်ငံမှ အားကစားသမားများ အားလုံး ရောနှောလိုက်ပြီး အုပ်စု A ၊ B ၊ C ၊ D ဟု အသင်းလိုက် ပြန်လည်ခွဲကာ ချစ်ကြည်ရေးအနေဖြင့် ယှဉ်ပြိုင်ခြင်းသာဖြစ်ကြောင်း သိရှိရသည်။
သို့သော် ပြိုင်ပွဲမှပြန်လာသော အကြမ်းဖက် စစ်တပ် သေနတ်ပစ် အသင်းသည် ပြည်ပရောက် မြန်မာ သတင်းဌာနတစ်ခုနှင့် တွေ့ဆုံ မေးမြန်းရာတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းအနေဖြင့် အာဆီယံနိုင်ငံအလိုက် တတိယ အဆင့် ရရှိခဲ့ကြောင်း အသင်းခေါင်းဆောင်ဖြစ်သူ ဒုမှူးကြီး သိန်းစိုးထွန်းက လိမ်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ယင်း ပြိုင်ပွဲသို့ အုပ်ချုပ်သူ နည်းပြအရာရှိ ၁၄ ဦး ၊အားကစားသမား ၂၅ ဦးလိုက်ပါ၍ ချစ်ကြည်ရေး ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ချစ်ကြည်ရေး ဆုတံဆိပ်ရရှိမှုမှာလည်း အမျိုးသမီးအသင်းသာ ရွှေ ၄ ခု ၊ ငွေ ၂ ခု ၊ ကြေး ၄ ခု ရရှိခဲ့ပြီး အမျိုးသားအသင်းမှာ ဆုတံဆိပ် တစ်ခု မှ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ချစ်ကြည်ရေး ဆု ရရှိမှု ရွှေ ၊ ငွေ ၊ ကြေး အစဉ်လိုက် နိုင်ငံများ သတ်မှတ်ချက်တွင် အဆင့် ၈ ၌သာရပ်တည်ခဲ့ကြောင်း သိရှိရသည်။
“ဒုမှူးကြီး သိန်းစိုးထွန်းက သတင်းဌာနကို လိမ်လည်ပြောဆိုခဲ့တာပါ တကယ်က အဆင့် ၃ မဟုတ်ဘူး။ အဆင့် ၈ လိမ်လည်လှည့်ဖျားပြီး ဖြေကြားခဲ့တာ အဲ့သတင်းကို ပြည်သူတွေ အမှန်သိစေချင်တယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – အာဆီယံသေနတ်ပစ်ပြိုင်ပွဲမှ ပြန်လည် ရောက်ရှိလာသော စစ်တပ်အဖွဲ့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2024/12/469449972_941656944728579_5249976847346049549_n.jpg)