27 C
Yangon

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက် စီး

Must read

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက် စီး

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်း စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာနှင့် ကန်နှောင်းကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် လုံးတော်ကျေးရွာမှ ပြည်သူ ၁ ဦး၊ ကန်နှောင်းကျေးရွာမှ ပြည်သူ ၁ ဦး စုစု ပေါင်း ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လုံးတောကျေးရွာမှ သမန်းတောကျေးရွာသား အသက် ၉ နှစ် မောင်အောင်ပြည့်စုံ သေဆုံးပြီး ကန်နှောင်းကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ကိုဟိန်းမင်းတို့ သေဆုံးခဲ့ကြောင်း၊ လုံးတောကျေးရွာတွင် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ဒ်ရာရရှိပြီး ကန်နှောင်းကျေးရွာတွင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများမှာ လုံးတောကျေးရွာမှ အသက် ၃၇ နှစ်အရွယ် မစန္ဒာထွန်း၊ အသက် ၃၀ နှစ်အရွယ် ကိုကျော်သက်၊ သက်တော် ၄၅ နှစ်အရွယ် အရှင် အာစရ၊ အသက် ၉ နှစ်အရွယ် ကိုရင်ဖိုးကဲ၊ အသက် ၈ နှစ်အရွယ် ကိုရင် ဝီရအောင်တို့ ဒဏ်ရာရရှိကြောင်း၊ ကန်နှောင်းကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးဝင်းဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article