26 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကံတက်ကျွန်းကျေးရွာကို စစ်တ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပကဖ ရဲဘော်ကံတုံးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ ကံတက်ကျွန်းကျေးရွာကို စစ်တ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပကဖ ရဲဘော်ကံတုံးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကံတက်ကျွန်းကျေးရွာကို စစ်တ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပကဖ ရဲဘော်ကံတုံးကို ဖမ်းဆီး မီးရှို့သတ်ဖြတ်လိုက်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကိုင်းမြို့နယ်၊ ကံတက်ကျွန်းကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နယ် ပကဖ အဖွဲ့မှ ရဲဘော် ကံတုံးမှာ ဖမ်းဆီးခံလိုက်ရကြောင်း၊ ဖမ်းဆီးခံရသော ရဲဘော်ကတုံးကို စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

“မနေ့ နံနက် ၅ နာရီ ဝန်းကျင်မှာ စစ်တပ်က စစ်ကြောင်းထိုးဝင်လာပြီးတော့ ရဲဘော် ကတုံးကို ဖမ်းဆီးပါတယ်။ ဖမ်းဆီးပြီးတော့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

ထို့ပြင် ယမန်နေ့ စစ်တပ်က စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရိပ်သာကျေးရွာမှ ပြည်သူ ၁ ဦး၊ ညောင်းကုန်းကျေးရွာမှာ ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး အခြား ပြည်သူ ၁ ဦးမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article