ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတစ်ဝှမ်း မြို့တွေ ၊ စစ်တပ် စခန်းတွေတင်မက တိုင်းစစ်ဌာနချုပ် တွေပါ လက်လွှတ်နေရပြီး စစ်ရှုံးနေပေမယ့် နိုင်ငံတစ်ဝှမ်း ပွဲနဲ့ အခမ်းအနားတွေကို ဆက်တိုက်ရောက်ဖို့ လုပ်နေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပြင်ဦးလွင်မြို့အထွက် နောင်ချိုမြို့နယ်ထဲက အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ခမ်းအမြောက်တပ် စခန်းဘက်တွေမှာ TNLA – PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်ဖးက် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ဖြစ်ပွားနေပြီး ၊ စစ်ကောင်စီတပ်သား ၁၅ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် စစ်သား ၁၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ TNLA က တရားဝင် ထုတ်ပြန်ထားပါတယ်။
- နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က အသက် ၁၆ နှစ်အရွယ် ကလေးငယ်ကို တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့အတွက် ငွေကျပ် ၆ သိန်းပေးပြီး ပြန်လည် ရွေးယူခဲ့ရတယ်လို့ ဖမ်းဆီးခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar