26 C
Yangon

AA ထိန်းချုပ်ထားသော တောင်ကုတ်မြို့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်| ဒီဇင်ဘာ ၁၀

ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော တောင်ကုတ်မြို့ကို အာဏာသိမ်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီက ဂျက်ဖိုက်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်၍ ကံပိုင်ရပ်ကွက်မှ လူနေအိမ် ၈ လုံးမီးလောင်ပျက်စီးသွားကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့ထဲက လမ်းဆုံ၊ လမ်းခွများနှင့် မြို့ထွက်ပေါက်များကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၅ လုံးထက်မနည်း ၊ ဘာသာရေးအဆောက်အဦးများပါ မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်မှ စစ်ကောင်စီ တပ်စခန်းအပါအဝင် တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်းများအားလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့နှင့်ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်း တောင်ကုတ်မြို့၏ တပ်မ စကခ ၅ ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်က လူနေအိမ်များ မီးလောင်သွားသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ – APM)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article