လောင်းလုံးမြို့နယ် (ပကဖ) ရဲဘော်များ၏ မွမ်းမံစစ်ပညာသင်တန်းဆင်းပွဲနှင့် ရဲဘော်များကို ကျည်ကာဦးထုပ်များတပ်ဆင်ခြင်းအခမ်းအနားကို ပြုလုပ်
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ် (ပကဖ) ရဲဘော်များကို ဂုဏ်ပြုခြင်းနှင့် လောင်းလုံးမြို့နယ်(ပအဖ)က ရဲဘော်များကို ကျည်ကာဦးထုပ်များတပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို ဧည့်သည်တော်များ လောင်းလုံး(ပကဖ)တာ၀န်ရှိသူများ၊ရေးရာတာ၀န်ခံများ၊ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။