25 C
Yangon

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဟန်လင်းပျူမြို့ဟောင်း စစ်ခွေး စခန်းမှာက အင်အား ၅၀ လောက်ရှိတယ်။ ဒီနေ့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ဦး လောက် သေဆုံးမှုရှိတယ်။ ကျွန်တော်တို့ ဒရုန်းသမားတွေ သွေးအေးမနေပါဘူး”ဟု ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article