31 C
Yangon

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနှင့်ကရင်တိုင်းရင်းသားအများအပြား နေထိုင်သော အုန်းဖျန်တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖြင့် ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ ၊ ထိုင်းဝန်ကြီးချုပ်က ဗုံးဖောက်သူကို ဖော်ထုတ်ဖမ်းဆီးရန် ညွှန်ကြား

Must read

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနှင့်ကရင်တိုင်းရင်းသားအများအပြား နေထိုင်သော အုန်းဖျန်တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖြင့် ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ ၊ ထိုင်းဝန်ကြီးချုပ်က ဗုံးဖောက်သူကို ဖော်ထုတ်ဖမ်းဆီးရန် ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနိုင်ငံသားများ နှင့်ကရင်တိုင်းရင်းသား အများအပြား နေထိုင်သော အုန်းဖျန်မြို့တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖြင့် ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၉ ဒဏ်ရာရှိကြောင်း ထိုင်းအခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန် တာ့ခရိုင် ၊ အုန်းဖျန်မြို့၊ လေဆိပ်အဟောင်းကွင်းပြင်တွင် အကဖျော်ဖြေပွဲပြုလုပ်နေစဉ် ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း၊ ဖျော်ဖြေပွဲမှာ ဒီဇင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအနက်မှ ၄ ဦးမှာ စိုးရိမ်ရ​ကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်က အဆိုပါဖြစ်စဉ်တွင် သေဆုံးသွားသူများနှင့်ဒဏ်ရာရရှိသူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ အဆိုပါဖြစ်ဉ်တွင် ကျူးလွန်သူကို စုံစမ်းဖော်ထုတ်ရန်၊ ယင်းကဲ့သို့ လူထုတက်ရောက်သည့် ပွဲတော်များတွင် ရဲလုံခြုံရေးများကို ပြည်သူလူထု၏ ဘေးကင်းရေးအတွက် တိုးမြှင့်ချထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ထိုင်းဒုဝန်ကြီးချုပ်ကမူ Phumtham Wechayachai ကမူ ယမန်နေ့ည ပေါက်ကွဲမှုသည် ဆယ်ကျော်သက် လူငယ်အုပ်စုနှစ်ခုအကြား အချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article