27 C
Yangon

တနင်္သာရီမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ နေအိမ်ဈေးဆိုင်ကို စစ်သား ၂ ဦးက ဓားပြဝင်တိုက်ပြီး ဖုန်း ၂ လုံး၊ ငွေ ၃ သိန်း၊ အချိုရည်နှင့် မုန့်များ လုယက်သွား

Must read

တနင်္သာရီမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ နေအိမ်ဈေးဆိုင်ကို စစ်သား ၂ ဦးက ဓားပြဝင်တိုက်ပြီး ဖုန်း ၂ လုံး၊ ငွေ ၃ သိန်း၊ အချိုရည်နှင့် မုန့်များ လုယက်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာရှိ နေအိမ် ဈေးဆိုင် တစ်ဆိုင်ကို အကြမ်းဖက် စစ်သား ၂ ဦးက ဓားပြဝင်တိုက်ခိုက်ခဲ့ရာ ဖုန်း ၂ လုံး၊ ငွေ ၃ သိန်းကျပ်နှင့် အချို့ရည်၊ မုန့်တို့ပါသွားကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ တောဗုံးကြီးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် ည ၁၁ နာရီခန့်က တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ထန်းပင် ကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်ဈေးဆိုင်တစ်ဆိုင်ကို ဇဝဲကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ တပ် ခမရ ၅၅၆ တပ်ရင်းမှ တပ်သား ၂ ဦးကို သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ပြီး ဖုန်း ၂ လုံး ၊ ငွေ ကျပ် ၃ သိန်း (၃၀၀၀၀၀) ကျပ်နှင့် ဆိုင်တွင်ရောင်းချနေသော အချိုရည်ဘူးများ၊ မုန့်များကို ယူဆောင်သွားကြောင်း သိရသည်။

“ပထမတစ်ယောက် အရင်ဆုံး ဈေးကို အကြွေးနဲ့လာဝယ်တယ်၊ အဲဒီပြီးမှ သေချာစီစဉ်ပြီး ဓားပြဝင် တိုက်တာ၊ သေနတ်နဲ့ခြိမ်းခြောက်ပြီး ဓားပြတိုက်တာပါ၊ လူတော့ ဘာမှ မလုပ်ခဲ့ဘူး။ ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး တိုင်တာမျိုးတော့ မကြားမိဘူး။ ပြည်သူတွေကတော့ ကြောက်နေရတာဆိုတော့” ဟု တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ထန်းပင်ကုန်းကျေးရွာသည် ဇဝဲကျေးရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းနှင့် ၆ ဖာလုံခန့်သာ ကွာဝေးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေ့ညအမြဲမပြတ် ကင်းလှည့်နေသည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်ကောင် စီတပ်ခမရ ၅၅၆ တပ်ရင်းသည် ၁၉၉၃ ခုနှစ်တွင် တပ် ရင်းတည်ဆောက်ခဲ့ပြီး ယခုဓားပြတိုက်မှုဖြစ်စဉ် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

“ဒီလို စစ်တပ်က ဓားပြတိုက်တာကတော့ ပထမဆုံးအကြိမ်ဖြစ်စဉ်ပါ။ အရပ်ဝတ်နဲ့ စစ်သားက ဓားပြတိုက်သွားတာပါ” ဟု တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ တောဗုံးကြီးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးအရ နှစ်ဖက် စစ်ဆိုင်ထားကြပြီး စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကောင်စီက လေ့ကျင့်သင်တန်းပေးနေသော ပျူစောထီးများ။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article