30 C
Yangon

ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

Must read

ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဂွမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်လာကြောင်း၊ စစ်ဘေးရှောင် ရခိုင်ပြည်သူများမှာ ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံ ကမ်းခြေတို့ဘက်သို့ပါ စစ်ဘေးရှောင်ကြကြောင်း၊ သို့ရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင် ရခိုင် ပြည်သူများကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၇ ရက်အတွင်း ထွက်ခွာကြရန်နှင့် လုံး၀ နေခွင့်မပြုဟု အမိန့်ပေးလာကြောင်း သိရှီရသည်။

“ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေဘက်ဆီကို စစ်ရှောင်ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ကခေါ်ယူပြီးဒီနေ့ကစလို့ ၇ ရက်အတွင်းထွက်သွားရမယ်။ လုံးဝနေခွင့်မပြုဘူးလို့ ပြောတယ်။ စစ်ရှောင်ပြည်သူတွေမှာအခက်ကြုံနေကြရပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူများကို ကူညီနေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ ဂွမြို့နယ်၊ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကတို့ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ကွမ်းရားရှည်ကျေးရွာများနှင့် ဂွမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရခိုင်ပြည်၊ ဂွမြို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး AA တပ်များက မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဂွမြို့၏ မြို့တွင်းနေရာများကိုလည်း AA က ဆက်တိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

“ဂွမှာလဲ မြိုတွင်းနေရာများကို သိမ်းပိုက်ထားပီးကျန်တဲ့နေရာများကို ဆက်လက်ဦးတည်နေပါတယ်” ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article