27 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ် ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ဘီယာဗူးများကို ပအ‌ဖ နှင့် ပကဖ အဖွဲ့က ဖမ်းဆီး ဖျက်ဆီး

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ် ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ဘီယာဗူးများကို ပအ‌ဖ နှင့် ပကဖ အဖွဲ့က ဖမ်းဆီး ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ထုတ် ငွေကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ဘီယာဗူးများကို ပအ‌ဖ နှင့် ပကဖ အဖွဲ့က ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပအဖ ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များက အကြမ်းဖက် စစ်အုပ်စုနှင့် မိသားစုများ၊ ၎င်းတို့၏ ဒေါက်တိုင်များ၊ အကျိုးတူစီးပွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စစ်တပ်ထုတ် Myanmar Beer နှင့် ANDAMAN GOLD အမှတ်တံဆိပ် အရက်၊ ဘီယာများ သယ်ဆောင်လာသည့် ကားများကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီး စစ်ဆေးမှု အတွင်း စုစုပေါင်း ကာလ တန်ဖိုး ငွေကျပ် သိန်း ၁၄,၀၆၄,၀၀၀ တန်ဖိုးရှိ အကြမ်းဖက် စစ်တပ်ထုတ် Myanmar Beer ဂျပ်ဖာပေါင်း ၁၉၀ ဖာ၊ ဗူးပေါင်း ၄၅၆၀ ဗူး နှင့် စကစထုတ် ANDAMAN GOLD ဂျပ်ဖာပေါင်း ၃၇ ဖာ၊ ဗူးပေါင်း ၄၄၄ ဗူး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ် ထုတ်ကုန် အရက်၊ ဘီယာတွေကို ခင်ဦးမြို့နယ် ပအ‌ဖ နဲ့ ပကဖ က သိမ်းဆည်းရမိ၍ ဖျက်ဆီးခဲ့တာပါ။ သယ်ဆောင်လာတဲ့ ကားသမားတွေကို စစ်တပ် ထုတ်ကုန်ပစ္စည်းများ ရှောင်ရှား​ကြဖို့ ရှင်းလင်း ပြောဆို သတိပေးပြီး အရေးယူမှု မပြုလုပ်ခဲ့ပါဘူး” ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသိမ်းဆည်းရမိသော ပစ္စည်များ အားလုံးကို မြို့နယ် ပအဖနှင့် ပကဖ မှ အများပြည်သူများ၏ ရှေ့မှောက်တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုနှင့် မိသားစုများ၊ ၄င်းတို့၏ အကျိုးတူ စီးပွားဘက်ဖြစ်သော စစ်တပ် ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွာစွာ ဖျက်ဆီး စေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စကစ ထုတ်ကုန် ပစ္စည်းများကို ပြည်သူအပေါင်းမှ သပိတ်မှောက်ကြရန် မေတ္တာရပ်ခံ၍ နှိုးဆော်တိုက်တွန်းအပ်ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article