23 C
Yangon

စစ်အာဏာသိမ်းပြီးနောက် ရဟတ်ယာဉ်နှင့်တိုက်လေယာဉ် ၈ စီး ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက Mi 17 ရဟတ်ယာဉ် ၃ စီး၊ FTC 2000 G တိုက်လေ ယာဉ် ၃ စီး ၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး အပါ အဝင် စုစုပေါင်း ၈ စီး ထပ်မံဖြည့်တင်း

Must read

စစ်အာဏာသိမ်းပြီးနောက် ရဟတ်ယာဉ်နှင့်တိုက်လေယာဉ် ၈ စီး ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက Mi 17 ရဟတ်ယာဉ် ၃ စီး၊ FTC 2000 G တိုက်လေ ယာဉ် ၃ စီး ၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး အပါ အဝင် စုစုပေါင်း ၈ စီး ထပ်မံဖြည့်တင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် ရဟတ်ယာဉ်နှင့်တိုက် လေယာဉ် ၈ စီး ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက Mi 17 ရဟတ်ယာဉ် ၃ စီး၊ FTC 2000 G တိုက်လေယာဉ် ၃ စီး ၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက် ပို့လေယာဉ် ၁ စီး အပါအဝင် စုစုပေါင်း ၈ စီး ထပ်မံဖြည့်တင်းကြောင်း သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ရဟတ်ယာဉ်၊ တိုက်လေယာဉ် ၈ စီးကို ထပ်မံ ဖြည့် တင်းခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချစစ်ဆင်နိုင်ရန် လေ့ကျင့်သားပြည့်၀မှုသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း တစ်ကြိမ်တစ်ခါ လေ့ကျင့်ရုံဖြင့် မလုံလောက်ဘဲ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” အမြဲမပြတ်ဆောင်ရွက်ရန် ညွှန်ကြားသည်။

စစ်ကောင်စီက ဖြည့်တင်းသည့် ရဟတ်ယာဉ်၊ လေယာဉ် ၈ စီးတွင် Mi 17 ထောက်ပို့ရဟတ်ယာဉ် ၃ စီး၊ FTC-2000 G တိုက်လေယာဉ် ၃ စီး (လေယာဉ်အမှတ် 1413 ၊ 1411 ၊ 1407 ) ၊ K-8W တိုက်လေယာဉ် ၁ စီး (လေယာဉ်အမှတ် 3941) ၊ Y 8 ထောက်ပို့လေယာဉ် ၁ စီး (လေယာဉ်အမှတ် 5922) တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များ၏ ပစ်ချမှု၊ ပြေးလမ်းချော်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် တိုက် လေယာဉ် ၈ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်တွင် Mi 17 ရဟတ်ယာဉ် ၁ စီး၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းမှ တက်လာသည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ် ရေးတပ်မ တော် (KIA) က ပစ်ချခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသထံသို့ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်သားများကို မြန်မာနိုင်ငံပြန်ခေါ်ရန်သွားသည့် စစ်ကောင်စီ၏ Y8 လေယာဉ်မှာ မီဇိုရိမ်ပြည်နယ်၏ လေဆိပ်တွင် ပြေးလမ်းချော်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီ ၏ Eurocopter 365 ရဟတ်ယာဉ်တစ်စီးကို ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့သဖြင့် ပျက်ကျသွားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ မိုးမောက်မြို့ မြို့သစ်နှင့် ကုန်းလောအကြား စစ်ကောင်စီ ၏ Mi35 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်‌ မတော် KIA က ပစ်ချခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ ကရင်နီ ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာ သစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးမှာ စစ်ကောင်စီ၏ လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ချခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီဒေသတွင် စစ်ကောင်စီ၏ K8 တိုက် လေ ယာဉ် ကို ပစ်ချခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article