32 C
Yangon

ထားဝယ်မြို့ပေါ်နှင့် မုံရွာ – ချောင်းဦးလမ်းပိုင်းတို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

Must read

ထားဝယ်မြို့ပေါ်နှင့် မုံရွာ – ချောင်းဦးလမ်းပိုင်းတို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်၏ ကင်းလှည့်နေသော စစ်ကားတစ်စီးကို မိုင်းခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Dawei Defense Team – DDT မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က ထားဝယ်မြို့ပေါ်ရှိ ခလရ-၂၅ တပ်ရင်းနှင့် ခန်းမ ဆောင်ကြားတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လိုက်ပါလာသည့် လှည့်ကင်း ကား ၁ စီးကို မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲအားပြင်းသော မိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိပြီး ကုတင် ၁၀၀ တပ်နယ်ဆေးရုံသို့ ပို့ဆောင်ထားစဉ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တစ်ဦး သေဆုံး ကြောင်းသိရသည်။

“ကားပေါ်မှာ ၁၀ ဦးလောက်ပါတာ၊ ကားဖင်ပိုင်းကိုထိသွားတော့ နောက်ကနေထိုင်လိုက်လာတဲ့ သူတွေ ထိတာ၊ ၃ ဦးအပြင်းအထန်ဒဏ်ရာတယ်လို့ သိရတယ်၊ မနေ့က ၁ ဦးသေသွားတယ်။ ကျန်တဲ့ ၂ ဦး သေမသေတော့ ထပ်အတည်ပြုစုံစမ်းနေတုန်းပါ” ဟု Dawei Defense Team – DDT မှ တာ ဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team – DDT) ရဲဘော်များမှ မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၅ နာရီ မိနစ် ၂၀ အချိန်က စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ဝမ် ပေါင် ကြေးနီ ထုတ်လုပ်ရေးတွင် အသုံးပြုရန် ပစ္စည်းများ သယ်ဆောင်လာသော တွဲကားတန်း ၆၈ စီး အနက် တတိယမြောက်ကားကို ချောင်းဦး -မုံရွာလမ်းပိုင်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လမ်း ဘေးကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ယာဉ်တန်းထွက်လာတယ်သတင်းရလို့ ကင်းပုန်းအထပ်ထပ်ချထားတဲ့ကြားကနေ ခက်ခက်ခဲခဲ မိုင်း ထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ကားဖြတ်တဲ့အချိန် လမ်းကင်းယူနေတဲ့ စစ်သား ၂ ဦးနေရာမှာတင်လဲ ကျသေသွားတာ မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ ကျနော်တို့ရဲဘော်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ပါတယ်” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေး အဖွဲ့မှ ဦးဆောင်ပြီး Area 71 PDF အဖွဲ့၊ နှင့် ANYAR DEFENCE FORCE (ADF) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းမိထား​သော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article