27 C
Yangon

သံတွဲမြို့ပေါ် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Must read

သံတွဲမြို့ပေါ် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သံတွဲမြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့ပေါ် ၇ ရပ်ကွက်မှ အသက် ၆၉ နှစ်အရွယ် ဒေါ်ခင်မေရီ မျက်နှာတွင် ဗုံးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း လူနေအိမ် ၅ လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က သံတွဲမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ရာနှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article