ထိုင်းနိုင်ငံ ၊ G.R.P ကားရုံးတွင် မြန်မာအလုပ်သမား ၂၀၀ ကျော် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးရန်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၃၆၀၀ တောင်း၍ ဆန္ဒပြမှု ထိုင်းဘတ် ၉၁၀၀ သို့လျှော့ချပေးသော်လည်း ဆန္ဒပြဦးဆောင်သူကို အလုပ်ရှင်က လိုက်လံ စုံစမ်းနေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ထိုင်းနိုင်ငံ၊ စမွန်ပကန် ဘန်ဖီဂေဟာနား G.R.P ကားရုံးတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ သက်တမ်းတိုးရန်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၃၆၀၀ တောင်းခံ၍ ဆန္ဒပြရာတွင် ထိုင်းဘတ် ၉၁၀၀ သို့ လျှော့ချပေးသော်လည်း ဆန္ဒပြဦးဆောင်သူကို အလုပ်ရှင်က လိုက်လံ စုံစမ်းနေကြောင်း အဆိုပါရုံးမှ မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ မြန်မာအလုပ်သမားများ စုပေါင်း၍ လူတစ်ဦးလျှင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန် ထိုင်းဘတ် ၁၃၆၀၀ တောင်းခံနေသည်ကို လျှော့ချပေးရန် တောင်းဆိုခဲ့ကြကြောင်း၊ အလုပ်ရုံဘက် ထိုင်း ဘတ် ၉၁၀၀ သို့ လျှော့ချပေးကြောင်း၊ ယင်းနောက် ဆန္ဒပြမှုကို ဦးဆောင်သူကို အလုပ်ရှင်က စုံစမ်းနေကြောင်း သိရှိရသည်။
“ဓာတ်ပုံတွေ ဗီဒီယိုရိုက်ထားတာတွေတောင် လိုက်ဖျက်ခိုင်းတယ် ထိုင်းစာရေးမက ။ ဆန္ဒပြဦးဆောင်သူကိုလည်း လိုက်စုံစမ်းနေတယ်။ ဘယ်သူမှ မပြောကြပါဘူး။ အရက်ကလည်း ဦးဆောင်သူ သိသွဦးတော့ အဲဒီလူ အလုပ်ထွက်သွားတယ်။ ထုတ်လိုက်တာလား ထွက်သွားတာလား မသိဘူး။ သူများရုံးတွေလို ၆၅၀၀ အကုန်မပြီးဘူး” ဟု အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ G.R.P ကားရုံးတွင် မြန်မာအလုပ်သမား ၂၀၀ ကျော် ဝင်ရောက် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။